Blogger Template by Blogcrowds

A Journalist is not born, but made.

၁၉၈၄ ခုနှစ်၊ မေလ ထုတ်၊ စန္ဒာ မဂ္ဂဇင်းတွင် ကိုရိုးကွန့် ကလောင် အမည်ဖြင့် “ ကြိုဆို ပါသည် ” ဟူသော ၀တ္ထုတို ဖော်ပြ ခံရခြင်းမှ စတင်ကာ စာပေ လောကသို့ ရောက်ရှိ လာသည်။ ၁၉၈၄ ခုနှစ် အတွက် စာပေ ဗိမာန် စာမူဆု ပြိုင်ပွဲဝင်ခဲ့ရာ ၀တ္ထုတို ပေါင်းချုပ် ပထမဆုကို “ စိန်လွန်တူး သမား၏ အဖွင့် အပိတ် တံခါး နှင့် အခြား ၀တ္ထုတိုများ ” စာမူဖြင့် ရရှိသည်။ ထိုစာမူကို စာအုပ် အဖြစ် ပုံနှိပ် ထုတ်ဝေ သောအခါ ၁၉၈၉ ခုနှစ် အတွက် အမျိုးသား စာပေ ၀တ္ထုတို ပေါင်းချုပ်ဆု ယူရသည်။

စာပေ လောက သို့ မရောက်မီက ၁၉၇၉ ခုနှစ်တွင် ဆည်မြောင်း ဦးစီး ဌာန၊ ဆည်တော်ကြီး ဘက်စုံ ရေလှောင် တမံ စီမံကိန်း၌ ဒုဦးစီးမှူး ( ဘူမိ ဗေဒ လုပ်ငန်းပြ ) အဖြစ် တာဝန် ထမ်းဆောင်သည်။ သိပံ္ပဘွဲ့ ( ဘူမိ ဗေဒ ) ကို မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ၁၉၇၈ ခုနှစ်တွင် ရရှိသည်။ အလယ်တန်းနှင့် အထက်တန်း ပညာများကို မန္တလေးမြို့ ၊ အမှတ် ( ၁၆ ) အ ထ က တွင် သင်ယူသည်။ မူလတန်း ပညာကို ရန်ကုန်မြို့နှင့် မိတ္ထီလာမြို့ တို့တွင် သင်ယူသည်။ ဆည်မြောင်း ဦးစီးဌာန တွင် ၁၉၈၂ ခုနှစ်အထိ တာဝန် ထမ်းဆောင် ပြီးနောက် သတ္ထုတွင်း ၀န်ကြီး ဌာန၊ ဘူမိဗေဒ လေ့လာရေး နှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီး ဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည်။ ၁၉၈၄ ခုနှစ်တွင် အစိုးရ လုပ်ငန်းမှ နှုတ် ထွက်ကာ စာ ရေးသား ခြင်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုသည်။

မဂ္ဂဇင်း အသီးသီး တွင် ၀တ္ထုတိုများ ရေးသား နေစဉ် ၁၉၉၀ ပြည့်နှစ်မှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီး မြန်မာ့ဓန မဂ္ဂဇင်းတွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်သည်။ မြန်မာ့ဓန မဂ္ဂဇင်းတွင် စီးပွားရေး ဆောင်းပါးများကို ရသဟန် ရေးသားခြင်းကြောင့် အောင်မြင်မှု ရရှိသည်။ ၁၉၉၄ ခုနှစ်တွင် မန္တလေးသူ မခင်ညိုညိုနှင့် အိမ်ထောင် ပြုပြီး ရန်ကုန်မြို့ မှာပင် စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် Living Color ကြော်ငြာနှင့် ဈေးဝယ် လမ်းညွှန် မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သည်။ ၁၉၉၈ ခုနှစ်တွင် သက်တံ့ရောင် သတင်း ဂျာနယ်ကို ထုတ်ဝေသည်။ ၂၀၀၀ ပြည့်နှစ်တွင် “ ရတီ ” ကျောက်မျက်နှင့် လက်ဝတ် ရတနာ မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သည်။

ပြည်ပခရီး

မြန်မာ စာနယ်ဇင်း ကိုယ်စားလှယ် အဖြစ် LG ကုမ္ပဏီ၏ ဖိတ်ကြားမှုကြောင့် ၁၉၉၇ ခု၊ မေလတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သို့ စာရေးဆရာ တက္ကသိုလ် တင်ခ၊ ဆရာ ချစ်စံဝင်းတို့နှင့် အတူ သွားရောက် ခဲ့သည်။

ထွက်ရှိပြီးစာအုပ်များ

- စိန်လွန်တူးသမား၏ အဖွင့်အပိတ်တံခါးနှင့် အခြားဝတ္ထုတိုများ

- ၀တ္ထုတိုများ(၂)

- ပဉ္စရုပမဂ္ဂဇင်းဝတ္ထုရှည်များ

- ဇာတ်ခုံ ၁၀၊ အတွဲ(၁)နှင့်အတွဲ(၂)

- ချစ်တယ်ကြိုက်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲလို့ မောင်ဘုရားကို ပြောစမ်းပါ နှမငယ်(မင်းလူ၊ ဂျူး၊ ခင်မြဇင် တို့နှင့် ပူးတွဲထုတ်သော ၀တ္ထုလတ်)

- ဂျပန်ဘာသာသို့ ပြန်ဆိုထုတ်ဝေသော ၀တ္ထုတို(ဒိုင်တိုဖောင်ဒေးရှင်းမှ ထုတ်ဝေသော မြန်မာစာရေးဆရာများ ၀တ္ထုတိုပေါင်းချုပ်စာအုပ်)

- Myanmar Rice (အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေသော Non Fiction)

- Myanmar Gem (အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေသော Non Fiction)

- အခြားစာရေးဆရာများနှင့် ပူးတွဲထုတ်ဝေသော ၀တ္ထုတိုပေါင်းချုပ် စာအုပ်များ


စာနယ်ဇင်းသင်တန်းများ

ရန်ကုန်မြို့ United States Information Service (USIS) တွင် ၁၉၉၆ ခု၊ အောက်တိုဘာလက သင်တန်း တက်ရောက်သည်။

နိုင်ငံခြား သတင်းထောက်များ အသင်းတွင် ဂါဒီယန် ဦးစိန်ဝင်း ပို့ချသော သတင်းစာ သင်တန်း အပတ်စဉ်(၃) ကို ၁၉၉၉ ခု၊ မတ်လတွင် တက်ရောက်သည်။

၂၀၀၂- ၂၀၀၃ ပညာသင်နှစ်တွင် အမေရိကန် နိုင်ငံ၊ ကာလီဖိုးနီးယား ပြည်နယ်၊ ဘာကလေမြို့ရှိ ကာလီဖိုးနီးယား တက္ကသိုလ် (The University of California, Berkeley) ရှိ Graduate School of

Journalism ၌ Visiting Scholar အဖြစ် စာနယ်ဇင်းပညာကို လေ့လာခွင့် ရခဲ့သည်။


စာနယ်ဇင်းသင်တန်းဖွင့်

ပြည်ပ မှ ပြန်ရောက် ပြီးနောက် မန္တလေးမြိုတွင် နန်းမြင့် သတင်းဂျာနယ်၊ အောင်ပင်လယ် မဂ္ဂဇင်း၊ Sports Lovers အားကစား ဂျာနယ် တို့ကို တည်းဖြတ် ထုတ်ဝေစဉ် သတင်းနှင့် သတင်းဆောင်းပါး ရေးသား နိုင်သော လူသစ် ဂျာနယ်လစ်များ မွေးထုတ်ဖို့ လိုအပ် နေပြီဟု ထင်မြင် သဖြင့် The Journalism School of Myanmar ကို တည်ထောင်ကာ ၂၀၀၆ ခု၊ နိုဝင်ဘာလမှ စတင်၍် စာနယ်ဇင်း ပညာ သင်တန်း ဖွင့်လှစ်သည်။

ယခုအခါ အမှတ်(၂၇)၊ ၇၃လမ်းနှင့် ၂၇လမ်းထောင့်၊ မန္တလေးမြို့တွင် နေထိုင်လျက်ရှိသည်။

1 comments:

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the MP3 e MP4, I hope you enjoy. The address is http://mp3-mp4-brasil.blogspot.com. A hug.

April 6, 2008 at 4:29 PM  

Older Post Home