A Journalist is not born, but made.
မေး - Jschool ဆိုတာဘာလဲ။
ဖြေ -
မေး -
ဖြေ - စာနယ်ဇင်းပညာတွေ သင်ပါတယ်။
မေး - ဘာလို့ စာနယ်ဇင်းပညာသင်တာလဲ။
ဖြေ - သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် လူသစ်စာနယ်ဇင်းသမား များများနဲ့မြန်မြန် ပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်။
မေး - ဒါဖြင့် စာနယ်ဇင်းဆရာ ဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့ လူတွေပဲ တက်ကြတာလား။
ဖြေ - မဟုတ်ပါဘူး၊ စာနယ်ဇင်းဆရာ ဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့၊ စိတ်ဝင်စားတဲ့ လူကြီးလူငယ်အားလုံး တက်ကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီနဲ့ ရုံးဌာနက ၀န်ထမ်းတွေလည်း လုပ်ငန်းခွင်မှာ အသုံးချဖို့ လာတက်ကြပါတယ်။ တက္ကသိုလ်ကျောင်းသား တချို့လည်း စာတမ်းရေးရာမှာ အထောက်အကူဖြစ်ဖို့ လာတက်ကြတာလည်းရှိပါတယ်။
မေး - သင်တဲ့အထဲမှာ ဘာတွေပါလို့လဲ။
ဖြေ - ကလောင်နာမည် ရွေးပုံ ပေးပုံကစပြီး စာနယ်ဇင်းသမိုင်း၊ မီဒီယာဆိုတာဘာလဲ၊ သတင်းအချက်အလက်ကို ဘယ်လိုရှာမလဲ။ စာရေးတဲ့အခါ ဖတ်သူအားလုံး နားလည်သဘောပေါက်အောင် ရေးနိုင်ဖို့ မြန်မာသဒ္ဒါ၊ သတ်ပုံနဲ့ ရေးထုံးတွေက ဘယ်လိုရှိသလဲ၊ ပြီးတော့ စာနယ်ဇင်းကျင့်ဝတ်နဲ့ စာနယ်ဇင်း မူပိုင်ခွင့် စတာတွေ သင်ပါတယ်။
မေး - ဘယ်သူက သင်ပေးမှာလဲ။
ဖြေ - ကိုရိုးကွန့်က သင်ကြားပေးမှာပါ။ တစ်ခါတစ်ရံလည်း ပြင်ပက စာပေပညာရှင်များကို ဖိတ်ခေါ်ပြီး ဟောပြောပွဲ လုပ်ပါတယ်။
မေး - သင်တန်းတက်ဖို့ ပညာအရည်အချင်း ဘယ်လောက်ရှိရမလဲ။
ဖြေ - မြန်မာစာ ရေးတတ်ဖတ်တတ်ဖို့ပဲ လိုပါတယ်။ အတန်းပညာ၊ ဘွဲ့ရဒီဂရီတွေထက် စာရေးချင်စိတ်ရှိသူတွေ ဖြစ်ဖို့လိုပါတယ်။
မေး - ဘယ်အချိန်တွေမှာ သင်မှာလဲ။
ဖြေ - မွန်းလွဲ ၁နာရီမှ ၂ နာရီအထိ သင်ပါတယ်။ ညနေ ၄နာရီမှ ၅နာရီအထိ သင်ခဲ့တာလည်းရှိပါတယ်။ တစ်နေ့ကိုတစ်နာရီ သင်ကြားပါတယ်။
မေး - သင်တန်းက ဘယ်လောက်ကြာမှာလဲ။
ဖြေ - သင်တန်းကာလ တစ်လခွဲ ဖြစ်ပါတယ်။ တစ်ပတ်ကို ငါးရက်၊ တနင်္လာနေ့မှ သောကြာနေ့ အထိဖွင့်တယ်။ လစဉ် သင်တန်းသစ်တွေ ဖွင့်ပါတယ်။
မေး - သင်တန်းကြေးရှိသလား။
ဖြေ - ရှိပါတယ်။ ကျပ်သုံးသောင်း ပေးသွင်းရပါမယ်။
မေး - သင်တန်းက ဘယ်မှာလဲ။
ဖြေ - AAT Business Centre ၊ အခန်း (၃၃)၊ ရတနာပုံဈေးတတိယထပ်၊ မန္တလေးမြို့မှာပါ။
ဖုန်းနံပါတ် ၀၂-၈၉၄၃၃၊ ၈၉၆၃၃၊ ၆၀၄၈၆ နဲ့ ၀၉၂၀၀၇၉၆၁ ကိုဆက်သွယ်နိုင်ပါတယ်။
E-mail Address မှာ koyoekunt@gmail.com ဖြစ်ပါတယ်။
0 comments:
Post a Comment